0:00 / 0:00
လာမယ့်သြင်္ကန်ကာလ ရန်ကုန်မြို့အတွင်းမှာ စီးပွားဖြစ်ရေကစားမဏ္ဍပ်တွေကို ခွင့်ပြုမှာမဟုတ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် က ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေကလည်း ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ပါတီနာယက ဦးတင်ဦးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
