ငြိမ်းချမ်းစွာအဖြေရှာဖို့ ဦးတင်ဦး ပြောကြား

0:00 / 0:00

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ ပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်စစ်စစ်ကို မရောက်သေးသလို၊ ပြသနာတွေကိုငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာမှရနိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးက ပြောပါတယ်။

သူရဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။