ကချင်ပြည်နယ်ကျေးရွာအုပ်စု ၁၀၀ ကျော် ရွေးကောက်ပွဲ ကျင်းပရေး မသေချာ

0:00 / 0:00

ကချင်ပြည်နယ် မန်စီ၊ မိုးမောက်၊ ဝိုင်းမော်၊ အင်ဂျန်းယန် စတဲ့ မြို့နယ်တွေက ကျေးရွာအုပ်စု ၁၀၀ ကျော်မှာ နယ်မြေမတည်ငြိမ်တာကြောင့် အခုချိန်ထိ မဲပေးခွင့်ရှိသူ စာရင်းတွေ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်း ထားပါတယ်။