ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာကို OIC လာရောက်လေ့လာမည်


2013.11.11

OIC လို့ခေါ်တဲ့ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများအဖွဲ့ဟာ မကြာခင် ရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့အပါအဝင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။

တဖက်မှာ  ဒီခရီးစဉ်ကို မလိုလားသူတွေက  ရန်ကုန်မြို့မှာ ဆန္ဒပြကြဖို့စီစဉ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်နဲ့ ဆန္ဒပြပွဲကို ဦးဆောင်မယ့် ကိုနောင်တော်လေးတို့ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။