0:00 / 0:00
မြန်မာနိုင်ငံမှာ ပုလဲသွယ်စပ်မျိုးစပါးတွေစိုက်ပျိုးတာ ရပ်နားထားဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ညွှန်ကြားထားပါတယ်။
ပုလဲသွယ်စပ်မျိုးစပါးဟာ အထွက်နှုန်းကောင်းပေမဲ့ ပြည်ပဈေးကွက်ရှာဖို့ အခက်အခဲရှိတာကြောင့် ပြည်ပဝယ် လိုအားကောင်းမယ့်၊ ပြည်တွင်းမှာလည်း အသုံးတည့်မယ့် စပါးမျိုးတွေပြောင်းထုတ်သွားမယ်လို့ စိုက်ပျိုးရေး မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်း က ပြောပါတယ်။
ဦးမျိုးတင့်ထွန်းကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။