0:00 / 0:00
တိုင်းဒေသကြီး လွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ စွမ်းဆောင်ရည်မြင့်မားစေဖို့နဲ့ နိုင်ငံရေးမှာ နိုင်ငံသားတွေ ပိုမိုပါဝင်လာစေဖို့ဆိုပြီး ဆွေးနွေးပွဲကို ဒီနေ့ ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ထိရောက်တဲ့အဆိုတွေတင်သွင်းနိုင်ဖို့ အချက်အလက်တွေ ပံ့ပိုးပေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ဆွေးနွေးပွဲတွေကိုလည်း ဆက်လက်ကျင်းပပေးမယ်လို့ အဲ့ဒီအဖွဲ့က ပြောပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်များ အားပေးမြှင့်တင်ရေးအဖွဲ့က ဒါရိုက်တာကိုသက်ဇော်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
