0:00 / 0:00
အမျိုးသားပညာရေး ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းကြားနာမှုပွဲကို ဒီနေ့အမျိုးသားလွှတ်တော်မှာ ကျင်းပခဲ့ပါတယ်။
အဲ့ဒီကြားနာပွဲကို သပိတ်မှောက်ကျောင်းသူ ကျောင်းသားကိုယ်စားလှယ်တွေ တက်ရောက်ရမှာဖြစ်ပေမယ့် လက်ပံတန်းမှာ အစာငတ်ခံဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးပိတ်ဆို့ထားတာတွေကြောင့် မတက်ရောက်နိုင်ကြောင်း ကျောင်းသားကိုယ်စားလှယ်တွေက အမျိုးသားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက ကျောင်းသားတွေအနေနဲ့ ကြားနာပွဲကို တက်သင့်ကြောင်း ပြောကြပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။
