0:00 / 0:00
ပညာရေးဥပဒေပြင်ဆင်တဲ့ဥပဒေမူကြမ်း နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက အခုသီတင်းပါတ်အတွင်းမှာ အပြီးရေးဆွဲပြီး လွှတ်တော်ကိုအမြန်ဆုံးတင်သွင်းမှာဖြစ်တယ်လို့ ကော်မတီဥက္ကဌ ဦးခင်မောင်ရီက ပြောပါတယ်။ ပညာရေးဥပဒေမူကြမ်း လွှတ်တော်မှာ ဆွေးနွေးကြားနာနေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဦးခင်မောင်ရီကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
