0:00 / 0:00
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူနဲ့ လုံးခင်းကျေးရွာတဝိုက်မှာ မနေ့ကညအထိ ပေါက်ကွဲမှု ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒီကနေ့မနက်မှာလည်း မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီလိုပေါက်ကွဲမှုတွေကြောင့် ဖားကန့်မြို့နယ်မှာ လုံခြုံရေးအင်အားတိုးမြှင့်ပြီး မြို့အဝင်အထွက် ဂိတ်တွေမှာ ရှာဖွေစစ်ဆေးမှုတွေလည်း ဆောင်ရွက်နေပါတယ်။
ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက တွေ့ဆုံမေးမြန်းထားပါတယ်။
