0:00 / 0:00
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာနားက ရာဇဌာနေ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဟာ မနေ့က ည ၁ဝ နာရီခွဲလောက်မှာ ပြိုကျခဲ့တဲ့အတွက် ညပိုင်းမှာ ရေမဆေးကျောက်ရှာဖွေနေသူ အယောက် ၄ဝ လောက် မြေစာပုံပိနေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
မြေစာပုံပြိုကျတဲ့နေရာမှာ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတွင်းရေးမှုး ဦးနော်လောကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
