ဖားကန့်မြေပြိုမှု မေးမြန်းချက်

0:00 / 0:00

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါ - မှော်သစ်ကုန်းကျေးရွာက ရတနာကြယ် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ထဲမှာ မနေ့ညက ကျောက်ကြောကမ်းပါးပြိုကျတာကြောင့် အဲ့ဒီမှာ တစ်နိုင်တစ်ပိုင် ကျောက်တူးဖော်နေသူ ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်အထိ သေဆုံးသူ ၁၂ ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိထားတယ်လို့ နေရာကို သွားရောက်ကြည့်ရှူခဲ့တဲ့ ဝှေခါကျေးရွာက တစ်နိုင်တစ်ပိုင် ကျောက်တူးသမား ကိုအောင်ထွန်းနိုင်က ပြောပါတယ်။

ကိုအောင်ထွန်းနိုင်ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။