0:00 / 0:00
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်အောင်ကျေးရွာနဲ့ ရှမ်းစုကျေးရွာကြားမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီ ၅ခု စုပေါင်းစွန့်ပစ်တဲ့ မြေစာပုံဟာ မနေ့ညနေက ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာသူ ၄၀ လောက် မြေစာပုံပိနေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ မြေစာပုံပြိုကျတဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေရှင်း ဥက္ကဌ ဦးလမော်လထော်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
