ဖားကန့်မြို့နယ် မြေစာပုံပြိုကျတဲ့အကြောင်း မေးမြန်းချက်

0:00 / 0:00

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လမောင်ကျေးရွာအနီးမှာ ဒီနေ့မနက် ၃ နာရီလောက် က မြေစာပုံပြိုကျခဲ့တာကြောင့် အဲဒီအနားမှာနေထိုင်နေတဲ့ ရေမဆေးကျောက်ရှာနေသူတွေရဲ့ တဲအိမ် ၃ဝ နီးပါး မြေပြိုတဲ့ အထဲပါသွားပါတယ်။

ဒီနေ့ ညနေပိုင်းအထိရှာဖွေတွေ့ရှိချက်အရ အမျိုးသားအလောင်း ၁၈ လောင်း ရှာဖွေတွေ့ရှိထားပြီလို့ လုံးခင်း နယ်မြေရဲစခန်းက တာဝန်ရှိသူက ပြောပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး လုံးခင်းနယ်မြေရဲစခန်း စခန်းမှူး ဦးထင်ကျော်ကို RFA သတင်းထောက် မခင်ပြည့်စုံက ဆက်သွယ်မေးမြန်းထားပါတယ်။