0:00 / 0:00
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ စက်ယန္တယားကြီးတွေတင်သွင်းတာနဲ့ပတ်သက်ပြီး စစ်ဆေးမူတွေ ပြုလုပ်ပြီးနောက် အရေးယူမူတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီဆောင်ရွက်မူတွေဟာ လုံလောက်မူမရှိဘဲ ထုတ်လုပ်မူနဲ့ပတ်သက်ပြီး ကုမ္ပဏီတွေကိုပါ စစ်ဆေးအရေးယူသင့်တယ်လို့ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။ ဦးခင်မောင်မြင့်ကို RFA အဖွဲ့သားဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
