ဖားကန့်ဒေသမှာ ဒေသခံတွေ ပိတ်ဆို့ဆန္ဒပြမှု မေးမြန်းချက်

0:00 / 0:00

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု လဂူးချောင် မှော်ရွာမှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေဟာ စက်ယန္တရားတွေနဲ့ အလွန်အကျွံတူးဖော်မှုကြောင့် မြေပြိုကျပြီး နေအိမ် ဆုံးရှုံးခဲ့ရတာတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတာတွေကို ဖြေရှင်းပေးဖို့ ဒေသခံ ရွာသား နှစ်ရာလောက်က ဆန္ဒပြတောင်းဆိုနေတာ ၂ ရက်ရှိပြီ ဖြစ်ပါတယ်။

ကုမ္ပဏီကားကြီးတွေကို မှော်ရွာတွေထဲ ဖြတ်သန်းသွားလာမှု မပြုပဲ ပိတ်ဆို့ဆန္ဒပြနေတာဖြစ်ပါတယ်။

အဲ့ဒီလိုဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး လဂူးချောင် ရွာသား ဦးညွှန့်ရွှေ ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။