ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန် ကို မေးမြန်းချက်

0:00 / 0:00

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က စတင်ပြီး စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို လမ်းလျှောက်ချီတက်လာတဲ့ Myanmar Veneer သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ဒီနေ့ နေပြည်တော်ကောင်စီနယ်မြေ ကို ရောက်ဖို့ ၅ မိုင်အကွာက ရမည်းသင်းမြို့နယ်၊ ပြတိုက်ကျေးရွာကို ရောက်ရှိနေပါတယ်။

နေပြည်တော်ကောင်စီနယ်မြေက လွှတ်တော်ကိုယ်စားလှယ် ၅ ဦးဟာ အဲဒီအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က ဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်နဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ နဲ့ တွေ့ဆုံခဲ့တဲ့ ပုဗ္ဗသီရိမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။