0:00 / 0:00
ကျောင်းသားသပိတ်စခန်းကို ရဲတပ်ဖွဲ့က ဖြိုခွဲချိန်မှာ သတင်းမီဒီယာသမားတချို့လည်း ရိုက်နှက်ဖမ်းဆီးခံရပါတယ်။ အဲ့ဒီလို ရိုက်နှက်ဖမ်းဆီးတာကို ကန့်ကွက် ရှုတ်ချကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ပြည်ထဲရေးဝန်ကြီးဌာနထံ ဒီနေ့ စာပေးပို့လိုက်ပါတယ်။
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေးကို RFA သတင်းထောက် မပြုံးမို့မို့ဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
