AA နဲ့ ဆက်နွယ်သူ ၃ ဦးကို တရားစွဲဖို့ ပြင်ဆင်
2016.01.27
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့လဆန်းပိုင်းက ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်ဆက်နွယ်သူ ၃ ဦးတို့ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ဒု-ရဲမှူးကြီး ဦးသစ်ဆန်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။









