နိုင်ကျဉ်းလွတ်ရေးနဲ့ ပြန်လည်ထူထောင်ရေး အေအေပီပီ တိုက်တွန်း

2016-07-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၈၄ ဦး ကျန်နေသေးပြီး၊ တရားရင်ဆိုင်နေရတဲ့သူပေါင်း ၁၄၀ ကျော်ရှိနေသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာရဲ့ ကျန်းမာရေး၊ စီးပွားရေးနဲ့ ဘဝပြန်လည်ထူထောင်ရေးတွေမှာ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေမှာ အသည်းရောင် ဘီပိုး၊ စီပိုးတွေ ခံစားရတာတွေ့ရသလို၊ အခြားဝေဒနာတွေပါ အနည်းနဲ့အများခံစားနေရပြီး၊ ပြီးခဲ့တဲ့နှစ်ကနေ လက်ရှိအချိန်အထိ သက်တမ်းမစေ့ပဲ သေဆုံးသူတွေ များလာတာတွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအခက်အခဲတွေကို အစိုးရအနေနဲ့ ဖြေရှင်းပေးမယ်ဆိုရင် ပိုပြီးထိရောက်နိုင်မယ်လို့လည်း AAPP ကပြောပါတယ်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့