0:00 / 0:00
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တရားဥပဒေစိုးမိုးရေး တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီ၊ ပို့ဆောင်ဆက် သွယ်ရေးကော်မတီတွေ အပါအဝင် တိုင်းလွှတ်တော်ရေးရာကော်မတီတွေက အောင်စိုးမိုးကျော် ရေယာဉ်တိမ်းမှောက်မှုကို စစ်ဆေးတွေ့ရှိချက်တွေနဲ့ ရေယာဉ်တွေ စနစ်တကျပြေးဆွဲနိုင်ရေးအတွက် အကြံပြုတိုက်တွန်းချက် ၁၀ ချက်ကို "ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေ"မှာ ထည့်သွင်းပေးဖို့ တိုင်းဒေသကြီး အစိုးရထံ မနေ့က တင်ပြလိုက်ပါတယ်။
အဲဒီလို ပေးပို့လိုက်တဲ့အကြံပြုချက်တွေနဲ့ ပတ်သက်ပြီး ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
