ဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့ အပေါ် မေးမြန်းချက်

0:00 / 0:00

လက်ပံတန်းမှာ သပိတ်စစ်ကြောင်းကျောင်းသားတွေကို အကြမ်းဖက်ဖမ်းဆီးမူနဲ့ပတ်သက်ပြီး မတ်လ ၂၇ ရက်နေ့က မြန်မာပြည်အရပ်ရပ်မှာ ဆန္ဒပြ ပွဲတွေ ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူတွေကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အားလုံးလိုလိုကို ပုဒ်မ-၁၈နဲ့ ဖမ်းဆီးပြီးနောက် အာမခံပေးပြန်လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ မြင်းခြံမြို့က ဖမ်းခဲ့သူ ငါးဦိးကို တော့ ပုဒ်မ- ၁၈ အပြင် ပုဒ်မ၁၄၃။ ၁၄၅ ၊ ၅၀၅-ခ စတဲ့ပုဒ်မကြီးတွေတပ်ပြီး အာမခံမပေးဘဲ ထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသား ဆန္ဒပြပွဲကို ဝန်းရံသူ မြင်းခြံမြို့ခံ ကိုမျိုးဟန်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။