အများပြည်သူပိုင်မြေတွေကို ပြန်ပေးဖို့ မေးမြန်းချက်

2016-11-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တပ်မတော်နဲ့ ဝန်ကြီးဌာနအချို့က သိမ်းယူထားတဲ့ လှိုင်မြို့နယ်မှာရှိတဲ့ ရပ်ကွက် ပေါင်း ၁၆ ခုက အများပြည်သူပိုင်မြေတွေကို ပြန်ပေးဖို့ ဗဟိုလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကနေတဆင့် တောင်းဆိုသွားမယ်လို့ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး က ပြောပါတယ်။
အဲဒီရပ်ကွက်တွေထဲမှာ နေအိမ်တွေဆောက်တဲ့အခါ အများပြည်သူပိုင်လမ်းတွေ၊ နောက်ဖေလမ်းကြားတွေကို ကျုးကျော် ဆောက်လုပ်နေတာတွေကိုလည်း ပြီးခဲ့တဲ့ နှစ်ပတ်ကစပြီး ဖျက်ပေးဖို့အတွက် အုပ်ချုပ်ရေးမှုးတွေ၊ ရပ်မိရပ်ဖတွေ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။
ဦးအောင်ကျော်ကျော်ဦးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့