0:00 / 0:00
မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ၈ တန်း နဲ့ ၄ တန်း ကျောင်းသား ကျောင်းသူတွေ အစိုးရစစ်စာမေးပွဲဖြေဆိုရာမှာ မေးခွန်းပေါက်ကြားမှုတွေ ဖြစ်ပေါ်ခဲ့တာပတ်သက်ပြီး ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးဖို့အတွက် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြန်လည်ကျင်းပမယ့် တိုင်းဒေသကြီးလွှတ်တော်မှာ အဆိုတင်သွင်းသွားမယ်လို့ အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောပါတယ်။
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်ကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။
