0:00 / 0:00
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသမှာရှိတဲ့ ကျေးရွာတွေက မြိုတိုင်းရင်းသား တစ်ထောင်နီးပါးလောက်ဟာ အစိုးရတပ်မတော် နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေကြောင့် လတ်တလောမှာ စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေကာ လက်ရှိအချိန်ထိ အစိုးရတပ်မတော်ဘက်က ဒေသခံမြိုတိုင်းရင်းသားတွေကို ညဘက်အပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။
မြိုအမျိုးသားဒီမိုကရေစီပါတီ ဥက္ကဌ ဦးဦးမြထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
