0:00 / 0:00
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့အကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်၊ ရေဆိုးချောင်းကျေးရွာမှာ စစ်ဘေးဒုက္ခသည် ၂ဝဝ ကျော် ခိုလှုံနေရပြီး စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။
ရသေ့တောင်မြို့နယ်၊ ရေဆိုးချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ရွှေသိန်းကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
