0:00 / 0:00
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်လန်တိုက်နယ်အနီးတဝိုက် ကျေးရွာတွေက ဒေသခံ ၅၀ ခန့်ကို မူးယစ် ဆေးဝါးသုံးစွဲမှုနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က မနေ့က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်အောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ် မေးမြန်းထားပါတယ်။
