RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှနဲ့ မေးမြန်းချက်

0:00 / 0:00

ရှမ်းပြည်နယ် ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS /SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလှ က ပြောပါတယ်။

RCSS/SSA တပ်တွေဟာ အစိုးရတပ်မတော် နဲ့ ပူးပေါင်းပြီး TNLA တပ်တွေအခြေချတဲ့ ကွတ်ခိုင်နဲ့နမ့်ခမ်းမြို့နယ်တွေကို စစ်ရေးအရ ကျူးကျော်လာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ TNLA က ဒီနေ့ ကြေညာချက်ထုတ်ပြန်တာနဲ့ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလှကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။