RCSS/SSA နဲ့ TNLA အဖွဲ့တို့ တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ လော့နော်ကျေးရွာအုပ်စုအတွင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရွာ ၄ ရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာက တအာင်းစာပေနဲ့ ယဉ်ကျေးမှုရုံးမှာ ခိုလှုံနေရတဲ့ လော့နော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်ယိုင်ကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။