ရခိုင်ပြည်နယ်မှာ ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့ပေးမည်

0:00 / 0:00

ရခိုင်ပြည်နယ်မှာ ဒေသခံတွေကို ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တွေအဖြစ် သင်တန်းပေးပြီး လက်နက် တပ်ဆင်ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ စီစဉ်နေပါတယ်။ အခြေခံပညာ မူလတန်းအဆင့်ရှိပြီး အသက် ၃၅ နှစ်အောက် အရွယ်ရှိတဲ့ ဒေသခံတွေအနေနဲ့ ဒေသန္တရ ရဲတပ်ဖွဲ့ဝင်အဖြစ် လျှောက်ထား နိုင်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးမင်းအောင်က ပြောပါတယ်။

ဝန်ကြီးဦးမင်းအောင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။