ရိုဟင်ဂျာနဲ့ ဘင်္ဂလီ အသုံးအနှုန်း အငြင်းပွားမှုအကြောင်း မေးမြန်း ချက်

2015-06-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မောင်တောဒေသခံတစ်ဦးကို အဲ့ဒီမှာရောက်ရှိနေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက လက်ရှိအငြင်းပွားနေတဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂလီဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ ဘယ်လိုမြင်သလဲဆိုတာကို တွေ့ဆုံမေးမြန်းထားပါတယ်။

ကွန်မင့်များ (4)
Share

ဦးဘစိန္

၅) ၁၉၅၀ မှ ၁၉၆၂ ခုနှစ်တိုင်အောင် လွတ်လပ်မှု၊ တရားမျှတမှုများ ခံစားခဲ့ရပြီး၊ အာဏာရှင် ဦးနေဝင်းမှ “ရိုဟင်ဂျာ” မျိုးပြုတ်ရေးကို စစ်ဆင်ရေး အမျိုးမျိုး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာများကို နိုင်ငံတွင်းမှ မောင်းထုတ်ရန် စီစဉ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှား ရှိသည်။ အထူးထင်ရှားသော စစ်ဆင်ရေးမှာ ၁၉၇၈ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် နဂါးမင်း စစ် ဆင်ရေး ဖြစ်သည်။ ထိုခေတ်တွင် Digital Camera များမရှိသော်လည်း ဓါတ်ပုံမှတ်တမ်းများ၊ သတင်းစာမှတ်တမ်းများ၊ အသံဖမ်းထား မှုများ ဖြင့်မှတ် တမ်းတင်နိုင်ခဲ့သည်။

Jun 07, 2015 11:39 AM

ဦးဘစိန္

၄) ဗိုလ်ခင်ညွန့် လက်ထက်တွင် ပိုမိုတင်း ကျပ်လာခဲ့ပြီး၊ ရိုဟင်ဂျာ တိုက်ထုတ်ရေး စီမံကိန်းကို မဟာဗျူဟာတစ်ရပ် လုပ်လာခဲ့သည်။ ခရီးသွားခွင့် တားမြစ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး အတွက် တင်းကျပ်ခြင်း၊ စီးပွားရေးနှင့် စားဝတ်နေရေးအတွက် ပိုမိုတင်းကျပ်လာခြင်း တို့ကို လုပ်ခဲ့သည်။ အထူးအရေးကြီးသည့် အချက်မှာ လွတ်လပ်ရေးမရမီကတည်းက ဘိုးစဉ်ဘောင်ဆက် ရာစုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့ ကြသည့် “ရိုဟင်ဂျာ” များထံမှ အမျိုးသားမှတ်ပုံတင်ကဒ်ပြား (NRC) များကို သိမ်းယူခဲ့သည်။

Jun 07, 2015 09:34 AM

ဦးဘစိန္

(၃) ရခိုင်တိုင်းရင်းသားများက ၁၉၄၂ ခုနှစ် မကျေပွဲကို အခွင့်ကောင်း တစ်ရပ် အဖြစ် အသုံးချလာနိုင်ခဲ့သည်။ ပါတီ၊ ကောင်စီ များတွင် နေရာများ ရယူခဲ့ပြီး၊ သမိုင်းပြုစုရေးတွင် အဓိက တာဝန်ယူရသူများ ဖြစ်လာခဲ့သည်။ ထိပ်တန်းလျှို့ဝှက်နှင့် အညီ အဆင့်ဆင့်ပြုစုပြီး အထက်သို့ တင်ပြကြရသည်။ ရခိုင်အစွန်းရောက်များကလည်း သမိုင်းပြုစုရေး ကော်မီတီ သို့ လိပ်မူ၍ တစ်မျိုး၊ အစည်းအဝေးကျင်းပ၍ တစ်ဖုံ၊ ပညာရှင်များ ဟု ခေါ် ကြသောသူများက အဆင့်ဆင့်ဗုံတီး၍ ဆောင်ရွက်ခဲ့ရာ ယခု ဦးသိန်းစိန် လက်ထက်တိုင်အောင် ရောက်လာသည်။

Jun 07, 2015 09:31 AM

ဦးဘစိန္

၁) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ရှိသည်။ တော်လှန်ရေးကောင်စီခေတ်မှီ လိုက်သူများ မြန်မာ့အသံမှ လွှင့်ထုတ်ခဲ့သည့် ရိုဟင်ဂျာ အစီအစဉ်ကို နားထောင်ဖူးကြသည်။ (၂) ရိုဟင်ဂျာမရှိဘူးဟု ပြောဆိုသည့် အသံသည် ချက်ချင်းညံလာခြင်း မဟုတ်ပါ။ မဆလပါတီခေတ်က မြို့နယ်သမိုင်းပြု စုရေး ကော်မီတီကို ဖွဲ့ပြီး ဗဟိုမှ ညွန်ကြားချက်အတိုင်း အကန့်အသတ်ဘောင်အတွင်း ရေးကြရသည်။ ထိုညွန်ကြားချက်များသည် ထိပ်တန်းလျှို့ဝှက်ဖြစ်ပြီး၊ အဆင့်ဆင့် နှစ်ရှည်လများ အကောင်အထည်ဖော် လာခြင်း ဖြစ်သည်။

Jun 07, 2015 09:29 AM

ဆိုက်တခုလုံးသို့