ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ဆန္ဒပြ

0:00 / 0:00

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ် ဘဇား Cox’s Bazar ခရိုင်ရှိ Nayapara နရာပယာ ဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က သွားရောက်ခိုလှုံနေတဲ့ ရိုဟင်ဂျာမူစလင်တွေ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။

သူတို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ အနေနဲ့ သူတို့အားလုံး မြန်မာပြည်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ တောင်းဆိုနေပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တဦးဖြစ်တဲ့ မူလတန်းကျောင်းအုပ်ဆရာကြီး Shah Alam ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဂျာမဏီမှာနေထိုင်တဲ့ ရိုဟင်ဂျာ ဘလော့ဂါ ကိုနေဆန်းလွင် က စကားပြန်အဖြစ် ပါဝင်ကူညီထားပါတယ်။