0:00 / 0:00
လက်ရှိ ဒုတိယအကြိမ် လွှတ်တော်မှာ တိုင်းရင်းသားပါတီတွေ ကိုယ်စားပြုမှုဟာ အရင်လွှတ်တော်နဲ့ နှိုင်းယှဉ်လိုက်ရင် ပါတီကိုယ်စားပြုမှု နည်းသွားတဲ့အတွက် တိုင်းရင်းသားကိုယ်စားလှယ်တွေက စိုးရိမ်မှုရှိတယ်လို့ ပြောကြပါတယ်။ ဒီတစ်ကြိမ်လွှတ်တော်မှာ ပြန်လည်အရွေးခံရတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်ကို RFA အဖွဲ့သား ဦးဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။