0:00 / 0:00
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီသတ္တုစီမံကိန်းအတွက် သိမ်းဆည်းခံထားရတဲ့ လယ်မြေဧကပေါင်း ၂၃၀၀ ကျော်အတွက် မြေယာလျော်ကြေးပေးဖို့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဒေသခံတောင်သူတွေက မနေ့က တင်ပြတောင်းဆိုကြပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေကို ပေးခဲ့တဲ့လျော်ကြေးအတိုင်း လိုချင်တယ်လို့ ကံကုန်းရွာသား ဦးဗိုလ်သန်း က ပြောပါတယ်။
ဦးဗိုလ်သန်း ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
