ကျောက်မဲမှာပစ်ခတ်မှုတွေကြောင့် နမ္မတူမြို့ပေါ်ကိုပုန်းရှောင်

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းပစ်ခတ်မှုတွေကြောင့် ရွာပေါင်း ၆ ရွာက ရွာသား ၂၀၀ နီးပါး နမ္မတူမြို့ပေါ်က ရွှေမြင်သာကျောင်းတိုက်ကို ပြီးခဲ့တဲ့ ရက်က ထွက်ပြေး ပုန်းရှောင် လာကြတယ်လို့ သိရပါတယ်။

ထွက်ပြေးလာသူတွေအရေးနဲ့ ပတ်သက်ပြီး ရွှေမြင်သာကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးအာစိန္ဒကို RFA အဖွဲ့သူ မခင်ခင်အိ လျှောက်ထားမေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။