0:00 / 0:00
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်မှာရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်တွေ မပြောင်းရွှေ့ပေးတဲ့အတွက် အစိုးရစစ်တပ်က SSPP/SSA ဝမ်းဟိုင်းဋ္ဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ဒီနေ့ စတင်ပစ်ခတ်ခဲ့တယ်လို့ SSPP/SSA အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ် SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
