မူးယစ်ဆေးဝါးအများအပြားဖမ်းမိ

0:00 / 0:00

ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်ခဲယမ်းတွေကို မနေ့က ဖမ်းဆီးရမိခဲ့သလို လားရှိုးမြို့ မှာလည်း ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

မိုင်းလားကနေ ကျိုင်းတုံဖက်ကို လာတဲ့ကားလမ်းမှာ ဖမ်းဆီးမိတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးချုပ် အောင်အောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။