0:00 / 0:00
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်အတွင်းက ကွန်ကျောင်း၊ နောင်အက်နဲ့ မော်မေ့ ကျေးရွာအုပ်စုတွေမှာ ထားရှိမယ့် မဲရုံတွေကိုပယ်ဖျက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားပါတယ်။
ဒီနေ့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တာဝန်ရှိသူတွေက မိုင်းရှူးမြို့နယ်အတွင်း ရွေးကောက်ပွဲဝင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေကို တွေ့ဆုံပြီး သဘောထား မှတ်ချက်တွေ တောင်းခံခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နော်ခမ်းယဉ်အောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
