ရှမ်းပြည်နယ်လေဘေးအတွင်း လူ ၂ ဦးသေဆုံး

0:00 / 0:00

ရှမ်းပြည်နယ် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စတဲ့မြို့နယ်တွေမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်နဲ့ အဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ ကျောက်မဲမြို့မှာ မိုးကြိုးပစ်ရာကနေ နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။

နေအိမ်နဲ့ အဆောက်အအုံ ပျက်စီးသွားမှုအခြေအနေ၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်း ထားပါတယ်။