ရှမ်းပြည် ညီညွတ်ရေးကော်မတီ အစည်းအဝေး

0:00 / 0:00

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ရှမ်းလူငယ်များကွန်ရက်တို့နဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးကို ဒီနေ့ ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ ကျင်းပနေပါတယ်။

၃ ရက်ကြာကျင်းပမယ့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။