စစ်ရေးတင်းမာတဲ့အတွက် ရွာသား ၃ဝဝ ကျော် သီပေါကိုထွက်ပြေးလာ

0:00 / 0:00

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မန်လွယ်ကျေးရွာမှာ တအာင်းတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်တွေ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေတာကြောင့် မန်လွယ်ကျေးရွာက ရွာသူ ရွာသား ၃၀၀ ကျော်ဟာ သီပေါမြို့ ရတနာရွှေဂူဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြပါတယ်။

ရတနာရွှေဂူဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုး ကို RFA သတင်းထောက် မဇင်မာဝင်း က ဆက်သွယ်မေးမြန်းထားပါတယ်။