0:00 / 0:00
အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ပဋိပက္ခတွေမဖြစ်ပွားရေး၊ အပြန်အလှန် နားလည်ချစ်ကြည်ရေး၊ စိတ်ရှည်သည်းခံရေးလုပ်ငန်းတွေ ကြိုးပမ်းဆောင်ရွက်နေတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့၊ ရွှေခြင်္သေ့ကျောင်းတိုက် ဆရာတော် ဦးတေဇာဓိပတိဟာ ဝါရှင်တန်မြို့တော် အခြေစိုက် USIP လို့ခေါ်တဲ့ အမေရိကန် ငြိမ်းချမ်းရေးသုတေသနသိပ္ပံဌာနရဲ့ အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပါတယ်။
ဆရာတော်ကို ဝါရှင်တန်ဒီစီမြို့တော်က RFA ရုံးချုပ်မှာ ကိုကျော်ကျော်အောင်က မေးမြန်းလျှောက်ထားပြီး တင်ပြပါလိမ့်မယ်။
