0:00 / 0:00
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ အစိုးရတို့ပူးပေါင်းပြီး ပုဂ္ဂလိကဘဏ် ၆ ခုကနေ တဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ငွေကျပ် ဘီလီယံ ၃၀ ထုတ်ချေးသွားမယ်လို့ အစိုးရက ကြေညာထားပါတယ်။
အသေးစား နဲ့ အလတ်စားလုပ်ငန်းရှင်တွေအတွက် ချေးငွေထုတ်ပေးမယ့်အကြောင်း အဲဒီအစီအစဉ်ကိုဆောင်ရွက်နေတဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။
