0:00 / 0:00
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အနေနဲ့ ရှမ်းပြည်နယ်အတွင်းက လစ်လပ်မဲဆန္ဒနယ်မြေ ၈နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတချို့ကို ဒီနေ့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပပြီး ဆုံးဖြတ်ခဲ့ပါတယ်။
SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
