0:00 / 0:00
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့အတွက် ပါတီရဲ့ လက်ရှိ ဥက္ကဌ ဦးခွန်ထွန်းဦး အပါအဝင် ပါတီခေါင်းဆောင်တွေဟာ ရှမ်းပြည်နယ် ကျောက်မဲမြို့မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးစိုင်းကျော်ညွန့်ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။
