0:00 / 0:00
လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်က ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖေါ်မူနဲ့ တောင်သူလယ်သမား သမဂ္ဂ အဖွဲ့ ဥက္ကဌ မစုစုနွေးကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြင်ဦးလွင် ရဲစခန်းက ဖမ်းဆီးခဲ့ပါတယ်။ ဒီအမူနဲ့ပတ်သက်ပြီး အာမခံတင်မှာမဟုတ်ဘူးလို့ မစုစုနွေးက ပြောခဲ့ပေမဲ့ မနေ့က ရုံးထုတ် ချိန်မှာ အာမခံတင်လိုက်ပါတယ်။ မစုစုနွေးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။