တကောင်းနီကယ် စက်ရုံအလုပ်သမားတွေ ဆန္ဒပြတဲ့အကြောင်း မေးမြန်းချက်

0:00 / 0:00

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာမှာရှိတဲ့ တကောင်းနီကယ်စက်ရုံက အလုပ်သမား ၅ဝဝ ခန့်ဟာ လုပ်ခလစာတွေတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရရှိဖို့ စက်ရုံရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတွေထဲက နီကယ်စက်ရုံ အလုပ်သမား ကိုတင်မျိုးထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။