0:00 / 0:00
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံကနေ စွန့်ပစ်တဲ့ မြေတွေဖုံးလွှမ်းပြီး ပျက်စီးခဲ့တဲ့ စိုက်ပျိုးမြေဧက ၄၅၀ ကျော် အတွက် လျော်ကြေးပေးဖို့ မြေဖုံးလွှမ်းခံရတဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးက တောင်သူ ၁၅ဝ ကျော်က ဒီကနေ့ ဆန္ဒပြကြပါတယ်။
ဆန္ဒပြတဲ့သူတွေထဲမှာပါဝင်တဲ့ တောင်သူ ဦးမြင့်လှိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
