0:00 / 0:00
ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီမြို့က ထနောင်စပ် ငါးဖမ်းလှေဆိပ်မှာ အင်ဒိုနီးရှားငါးဖမ်းလှေပေါ် ရောင်းစားခံထားရတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ ထိုင်းနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD တို့ ပူးပေါင်းပြီး မနေ့က ကယ်တင် နိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဥက္ကဌ ဦးကျော်သောင်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။
