ရိုက်တာသတင်းထောက်တွေအမှု ဦးသိန်းသန်းဦးနဲ့ မေးမြန်းချက်

0:00 / 0:00

ရိုက်တာ သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မနေ့က မြောက်ပိုင်းခရိုင် တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ တရားလိုပြ သက်သေ ဒုရဲမှုး မိုးရန်နိုင်နဲ့ သူရဲ့ မိသားစုဝင်တွေကို ဥပဒေနဲ့အညီ ကာကွယ်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။