0:00 / 0:00
ဗကသ အဖွဲ့ဝင် ကိုမင်းသွေးသစ် ဦးဆောင်မယ့် အိုးဝေသံ သံချပ်အဖွဲ့က ဒီနှစ်သြင်္ကန်မှာ သူတို့ ဖျော်ဖြေမယ့် သံချပ်တွေကို ဆင်ဆာတင်သွားမှာ မဟုတ်ကြောင်း ပြောပါတယ်။ အိုးဝေသံ သံချပ်အဖွဲ့အနေနဲ့ အရင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တုန်းကလည်း ခွင့်ပြုချက်တင်ကြဖို့ ကြေညာထားပေမယ့် ခွင့်ပြုချက်မတင်ဘဲ သံချပ်အဖွဲ့ထွက်ခဲ့ပြီး အရေးယူမှုတွေတော့ မလုပ်ခဲ့ဘူးလို့ ကိုမင်းသွေးသစ်က ပြောပါတယ်။
ကိုမင်းသွေးသစ်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
